သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ် (၁၁၈) ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေး

          (၆-၄-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံသစ်တောကျောင်းမှ တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်းစာစစ်ဌာနတွင် ကျင်းပသည့် မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ် (၁၁၈) ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှူ့ စစ်ဆေးခဲ့ပါသည်။ ထို့အပြင် အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ် (၁၁၈) ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲအား နေပြည်တော်စာစစ်ဌာနတွင် ကျင်းပလျက်ရှိရာ သစ်တောဦးစီးဌာန၊ ဒုတိညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ဦးကျော်ဇေယျ၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်ခိုင်နှင့် တာဝန်ရှိသူများမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ် (၁၁၈) ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ပြင်ဦးလွင်မြို့နှင့် နေပြည်တော်စာစစ်ဌာနအပါအဝင် စာစစ်ဌာန (၁၄) ခုတွင် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။