သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) (၁/၂၀၂၄) ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက် (အင်္ဂါနေ့) (၁၄:၀၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးရုံးရှိ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) (၁/၂၀၂၄) ကို ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၈)၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်း၊ အမှုထမ်းများအားလုံး တက်ရောက်ခဲ့ကြပါသည်။

 အဆိုပါအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)၏ အဓိကရည်ရွယ်ချက်မှာ ဝန်ထမ်းများအားလုံး၏ ကျန်းမာရေး၊လူမှုရေးကိစ္စရပ်တွေအပြင် မိမိတာဝန် ထမ်းဆောင်သည့် ရုံးအမှတ်(၂၈)၏ တိုးတက်ရာ တိုးတက်ကြောင်းကို ဝိုင်းဝန်းဆောင်ရွက်ပေးရန် အတွက်ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး  တက်ရောက်လာသည့် ဝန်ထမ်းများမှ ၎င်းတို့၏ လိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လက်ထောက်အတွင်းဝန်တို့က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။