မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ စီမံကိန်းကာလအလယ် အကဲဖြတ်ခြင်း (MRRP-Mid-term Evaluation) (၂/၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

        မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ စီမံကိန်းကာလအလယ်အကဲဖြတ်ခြင်း (MRRP-Mid-tem Evaluation)(၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၉-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာနမှ ၁/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များတင်ပြခြင်း၊ စီမံကိန်းကာလလုပ်ငန်းများအလိုက် စိစစ်သုံးသပ်ရေးအဖွဲ့ခေါင်းဆောင်များမှ အကဲဖြတ် သုံးသပ်တင်ပြကြပါသည်။ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)က ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။