ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းခြင်းဆိုင်ရာ Settlement Unit အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကျင်းပ

        Settlement Unit အစည်းအဝေး (၁/၂၀၂၄) ကို (၁၀-၄-၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ဦးဖေချစ် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ တာဝန်ရှိသူများမှ ယခင်ကျင်းပပြီးစီးခဲ့သည့် (၃/၂၀၂၃)အစည်းအဝေးဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများတိုးချဲ့ဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့သတ်မှတ်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး နေပြည်တော်/တိုင်းဒေသကြီးနှင့် ပြည်နယ် Settlement Unit အဖွဲ့များမှ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းခြင်းကိစ္စရပ်များ တင်ပြမှုအ‌ပေါ် ဦးဖေချစ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။