မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပ

        ၂၆-၄-၂၀၂၄ ရက်နေ့တွင် "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး အစီအစဉ်အရ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား  အသိပညာပေးဟောပြောပွဲများကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း စုဝေးခန်းမ၌လည်းကောင်း၊ တနင်္တာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌လည်းကောင်း အသီးသီး ကျင်းပခဲ့ပါသည်။

        သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းအရာများ၊ သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် ရှင်းလင်းပြသခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

        အသိပညာပေး‌ဟောပြောပွဲများသို့ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း စုဝေးခန်းမတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း