ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် နေပြည်တော် ပြည်‌ထောင်စုနယ်မြေများတွင် “သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲများ” ကျင်းပ

သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး အစီအစဉ်အရ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား  အသိပညာပေးဟောပြောပွဲများကို ၂၆-၄-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်း(မြို့မ)နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာ ခန်းမ၌လည်းကောင်း၊ ၂၇-၄-၂၀၂၄ ရက်နေ့တွင် နေပြည်တော် ၊ ပြည်‌ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အသီးသီး ကျင်းပခဲ့ပါသည်။

 သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းအရာများ၊ သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး သစ်တောကြေးမုံစာ‌စောင်များ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

 အသိပညာပေး‌ဟောပြောပွဲများသို့ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင်  သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမတွင်  သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း

နေပြည်တော် ၊ ပြည်‌ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို အခြေခံပညာအထက်တန်းကျောင်းတွင်  သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း