ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ သောက်သုံးရေလှူဒါန်း

ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေသော ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ဂွေးဇီးကျေးရွာအုပ်စု၊ ဂွေးဇီးကျေးရွာ အိမ်ထောင်စု(၂၆၄)စု အတွက် ရမည်းသင်းခရိုင်၊ သစ်တောဦးစီးဌာနမှ (၂၇-၄-၂၀၂၄)ရက်နေ့တွင် (၁၈၀၀)ဂါလံဆန့် ရေသယ်ကား(၃)စီး၊ စုစုပေါင်း(၅၄၀၀)ဂါလံအား ပေးပို့လှူဒါန်းဖြန့်ဝေခဲ့ပါသည်။