ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် “သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲများ” ကျင်းပ

“သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး အစီအစဉ်အရ” နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား  အသိပညာပေးဟောပြောပွဲများကို ၂၄-၄-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဇောင်းတူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊  ၂၈-၄-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာ အထက်တန်းကျောင်းနှင့်  မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ပါသည်။

သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းအရာများ၊ သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။

အသိပညာပေး‌ဟောပြောပွဲများသို့ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ဇောင်းတူကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင်  သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာ အထက်တန်းကျောင်းတွင်  သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း

မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန အစည်းအဝေးခန်းမတွင် သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း