သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း ဒွါဒသမအကြိမ်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း

၁။      သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်က ကျင်းပပြုလုပ်ခဲ့သော အောက်ဖော်ပြပါ သက်ဆိုင်ရာဘွဲ့ စာမေးပွဲ အသီးသီးကို ယှဉ်တွဲဖော်ပြပါနှစ်များအလိုက်  အောင်မြင်ပြီးသူများသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဒွါဒသမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားသို့  တက်ရောက်ဘွဲ့ယူရန် (သို့မဟုတ်) အဝေးရောက် ဘွဲ့ယူရန် လျှောက်ထားနိုင်သည်။

          (က)    သိပ္ပံ(သစ်တောပညာ)ဘွဲ့                -         ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ စာမေးပွဲများ

          ( ခ )    မဟာသိပ္ပံ(သစ်တောပညာ)ဘွဲ့         -         ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ စာမေးပွဲများ  

၂။       ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မတိုင်မီသက်ဆိုင်ရာ ဘွဲ့အသီးသီးကို အောင်မြင်ခဲ့ကြသည့် ဘွဲ့ယူရန် လျှောက်ထားခြင်းမရှိခဲ့သူများသည် မိမိတို့ရရှိသည့်ဘွဲ့အတွက်အဝေးရောက်ဘွဲ့ ယူခွင့် ကိုလျှောက်ထားနိုင်သည်။

၃။      လျှောက်ထားသူသည် လွန်ခဲ့သည့် (၁) လအတွင်း ရိုက်ကူးထားသော (၂ လက်မ X ၁.၅ လက်မ) အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့်အတူ အောက်ဖော်ပြပါ သတ်မှတ်ပုံစံအတိုင်း (A4 Size) အရွယ် စာရွက်တွင် မိမိအစီအစဉ်ဖြင့် ကွန်ပျူတာစာစီရိုက်နှိပ်ပြီး လျှောက်ထားနိုင်သည်။

၄။      လျှောက်လွှာတွင် တက်ရောက်ဘွဲ့ယူမည်(သို့မဟုတ်) အဝေးရောက်ဘွဲ့ယူမည်ကို တိကျစွာ ဖော်ပြရမည်။

၅။      ဘွဲ့နှင်းသဘင်သို့ တက်ရောက်ဘွဲ့ယူလိုသူများသည် ဘွဲ့နှင်းသဘင်ကြေး ၁၅၀ဝိ/- (ကျပ် တစ်ထောင့်ငါးရာ တိတိ) (သို့မဟုတ်) အဝေးရောက်ဘွဲ့ယူလိုသူများသည်  ဘွဲ့နှင်းသဘင်ကြေး ၁၀၀ဝိ/-  (ကျပ်တစ်ထောင်တိတိ) ပေးသွင်းရမည်။

၆။      လျှောက်လွှာများကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်သို့ ကိုယ်တိုင်လာရောက် တင်သွင်းနိုင်သည်။ (သို့မဟုတ်) စာတိုက်မှ ပေးပို့လျှောက်ထားနိုင်သည်။

၇။      စာတိုက်မှတစ်ဆင့် လျှောက်ထားသူများသည် သတ်မှတ်ထားသောဘွဲ့နှင်းသဘင်ကြေးကို စာတိုက် ငွေပို့လွှာ (Postal Money Order) ဖြင့် ပါမောက္ခချုပ်၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်သို့ လိပ်မူပေးပို့၍ငွေပို့လွှာ အောက်ခြေတွင် ဘွဲ့နှင်း သဘင်ကြေးဟုဖော်ပြပြီး လျှောက်လွှာရှင်၏ အမည်၊ ဘွဲ့ရစာမေးပွဲအောင်မြင်သည့်ခုနှစ်၊ ခုံအမှတ် တို့ကို တိကျစွာ ဖော်ပြရမည်။

၈။      လျှောက်လွှာကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းသို့ (၉ -၂ -၂၀၂၆) ရက် (တနင်္လာနေ့) နောက်ဆုံး ပေးပို့လျှောက်ထားရမည်။

၉။      တက်ရောက်ဘွဲ့ယူမည်ဟု လျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်ရန် ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်ကို အဝေးရောက်ဘွဲ့လက်မှတ်များ ထုတ်ပေးသည့် အချိန်တွင် မှသာ ထုတ်ပေးမည်။

၁၀။    ဘွဲ့နှင်းသဘင်အခမ်းအနားတက်ရောက်သူများသည် မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်းဝတ်စုံတို့အနက် နှစ်သက်ရာဝတ်စုံကို ဝတ်စုံပြည့်ဝတ်ဆင်၍ တက်ရောက် ကြရမည်။

၁၁။    ဘွဲ့ဝတ်စုံ ငှါးယူခွင့်ထောက်ခံစာကို (၂၅ -၂ - ၂၀၂၆) ရက်နေ့ မှစ၍ မော်ကွန်းထိန်းရုံးခန်း၌ ဘွဲ့နှင်းသဘင်ကြေးပေးသွင်းပြီးကြောင်း ငွေရပြေစာတင်ပြ၍  ထုတ်ယူရမည်။

၁၂။     ဘွဲ့နှင်းသဘင်ကျင်းပမည့် အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်-

         (က)  အစမ်းလေ့ကျင့်မည့်နေ့ရက်နှင့်          -   ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၇ ရက် (သောကြာနေ့)

                 အချိန်                                       - မွန်းလွဲ (၁:၀၀)နာရီ

         (ခ)  ဘွဲ့နှင်းသဘင်ကျင်းပမည့်နေ့ရက်နှင့်     - ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၈ ရက်(စနေနေ့)

               အချိန်                                         - နံနက်(၉:၀၀)နာရီ

         (ဂ)  ဘွဲ့နှင်းသဘင်ကျင်းပမည့်နေရာ          - ဘွဲ့နှင်းသဘင်ခန်းမ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ရေဆင်း၊ နေပြည်တော်။                                                           

၁၃။    အသေးစိတ်အချက်အလက်များကို (ဖုန်း- ၀၆၇-၃၄၁၆၅၁၉) သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

 

ဒွါဒသမအကြိမ်ဘွဲ့နှင်းသဘင်လျှောက်လွှာအား ရယူရန်  Download