မြေတိုင်းပညာရပ်ဆိုင်ရာ နည်းပညာဆွေးနွေးပွဲအခမ်းအနားကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း(ပြင်ဦးလွင်)တွင် မြေတိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်းနှင့် မြေပြင်သတင်းအချက်အလက်များ မျှဝေခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို ၂၉-၁-၂၀၂၆ ရက်နေ့ ၀၉:၀၀ နာရီတွင်ကျင်းပရာ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ကုမ္ပဏီများမှ မြေတိုင်းတာရေးကိရိယာများ၊ မြေပုံရေးဆွဲသည့် Software များနှင့် Satellite Image ပိုစတာများ ပြသထားမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြသည်။

အဆိုပါစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြေတိုင်းဦးစီးဌာန၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ တပ်မတော်မှအရာရှိများ၊ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမြေတိုင်းကျောင်းမှ သင်တန်းသားများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များ တက်ရောက်ကြသည်။

စာတမ်းဖတ်ပွဲတွင် မြေတိုင်းဦးစီးဌာနနှင့် ကုမ္ပဏီများမှ ပညာရှင်များက စာတမ်း(၉) စောင်အား တင်သွင်းဖတ်ကြားဆွေးနွေးခဲ့ကြသည်။