မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော် ၂၀-၁၀-၂၀၁၇

မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀-၁၀-၂၀၁၇ ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ 

အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင် ရေးစီမံကိန်း၏ ၂၀၁၇-၂၀၁၈ ခုနှစ် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ သစ်တောအသင်းမှ စီမံကိန်းဆိုင်ရာ အကြံပြုချက် များနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းများကို ဆွေးနွေး သုံးသပ်ခြင်း၊ စီမံကိန်းဆိုင်ရာ အကြောင်းအရာများ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။ 

ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အငြိမ်းစားသစ်တောအရာရှိကြီးများ၊ မြန်မာနိုင်ငံသစ်တောပညာရှင်အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။