ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သစ်တောစိုက်ခင်းများနှင့် ကျောက်မီးသွေးတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁ဝ.၆.၂၀၁၈

             သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇွန် ၈ ရက် ညနေပိုင်းတွင် နေပြည်တော်-ကံပြား-မကွေးလမ်း မိုင်တိုင် အမှတ် (၁၁/၄) အနီး ငလိုက်ကြိုးဝိုင်း အကွက်အမှတ်(၂) အတွင်းရှိ စီးပွားရေးကျွန်းစိုက်ခင်း (၁/၂ဝ၁၈) ဧက ၁၅ဝ စိုက်ပျိုးတည်ထောင်နေ မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်း ဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့်အတူ တောင်တွင်းကြီး မြို့နယ် နေပြည်တော်-ကံပြား-မကွေးကားလမ်း မိုင်တိုင် အမှတ် (၂၆/၆)နှင့် (၂၈/၂)ကြား ငမင်ကြိုးဝိုင်း အကွက် အမှတ် (၂၁၈)နှင့် (၂၁၆) အတွင်း တည်ထောင် ထားရှိသည့် တရုတ်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ငမင်သစ်မျိုးစုံ စိုက်ခင်း ဧက ၁ဝဝ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းကို ကြည့်ရှု စစ်ဆေးသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးခရိုင် မြို့သစ်မြို့နယ် မြို့သစ်ကြိုးဝိုင်း အကွက်အမှတ်(၉၅) အတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက တည်ထောင်စိုက်ပျိုးထားသည့် စိုက်ခင်းအမှတ် (၂/၂ဝ၁၈) အခြားစိုက်ခင်း ဧက ၂ဝ ကို စက်ယန္တရားအသုံးပြု၍ ကျင်းတူးစိုက်ပျိုးထားခြင်းကို ကြည့်ရှုစစ်ဆေး သည်။

            ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၉ ရက် နံနက်ပိုင်းတွင် မင်းဘူးမြို့နယ် မင်းဘူး-အမ်းကားလမ်းမ မိုင်တိုင်အမှတ်(၁၄/၄) အနီး လေးပင်-အိုင်းမကာကွယ် တောအတွင်း ဇီးအိုင်ကျေးရွာအတွက် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် စိုက်ပျိုးတည်ထောင်ထားသည့် ကျေးရွာသုံး ထင်းစိုက်ခင်း (၁/၂ဝ၁၇) စိုက်ခင်း ၁ဝ ဧကကို ကြည့်ရှု စစ်ဆေးခဲ့ပြီး စိုက်ခင်းပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ကျေးရွာသားများ ပါဝင်လာစေရေး၊ သတ်မှတ်ကာလ ပြည့်ချိန်တွင် ကျေးရွာအတွက် အမှန်တကယ်အသုံးဝင်မည့် စိုက်ခင်းဖြစ်ရေး၊ ခြောက်သွေ့ရာသီတွင် မီးကာကွယ်ရေးတို့ အတွက် ဆွေးနွေးမှာကြားသည်။

            ဆက်လက်၍ ပုသိမ်-မုံရွာကားလမ်း ပဒါန်းမြို့အနီးမြန်မာ့သစ်လုပ်ငန်း ပဒါန်းသစ်ဆိပ်သို့ ရောက်ရှိခဲ့ပြီး ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ လေလံတင် ရောင်းချရန် လပ်ပုံထိုင်ထားသည့်သစ်လုံးများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

            ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၇ဝ)၏ အနောက် ဘက် သုံးမိုင်အကွာ မင်းဘူးမြို့နယ် ပဒေါင်းဒေသရှိ သတ္တုဥက္ကာကုမ္ပဏီ၏ အသေးစားကျောက်မီးသွေးတူးဖော် ခွင့်ရရှိထားသော ကျောက်မီးသွေးမိုင်း တူးဖော်ပြီးနေရာများ တွင် ယခုနှစ်မိုးရာသီအတွင်း သစ်ပင်များ ပြန်လည်စိုက်ပျိုး မည့်နေရာများနှင့် ယခင်နှစ်မိုးရာသီတွင် စိုက်ပျိုးထားသည့် သစ်ပင်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အကြီးမြန်သစ်ပင်များ ပြန်လည်စိုက်ပျိုးရန်၊ တောင်စောင်းများတွင် ရေနှင့် မြေဆီလွှာတိုက်စားမှု မဖြစ်စေရေး အတွက် ဝါးပင်များနှင့် ဗာတီဗာမြက်များ စိုက်ပျိုးရန်၊ လျှိုမြောင်များနှင့် ရေစီးကြောင်းများ တစ်လျှောက် နုန်းတားဆည်ငယ်များ တည်ဆောက်ရန် ဆွေးနွေးမှာကြားသည်။

            ဆက်လက်၍ မြေအောက်လိုဏ်ခေါင်းစနစ်ဖြင့် ကျောက်မီးသွေးတူးဖော်နေသည့်တွင်းကို ကြည့်ရှုစစ်ဆေး သည်။

            ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာန ပေါက်ပင်ကန်ပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေးခဲ့ရာ သစ်စေ့စုဆောင်းရရှိနိုင်မှု၊ ပျိုးထောင်သည့် နည်းစနစ် များနှင့် သက်ကြီးပျိုးပင်များ ပျိုးထောင်ထားရှိမှုတို့အပေါ် ဆွေးနွေးမှာကြားသည်။

            ဆက်လက်၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ချောက်မြို့ နယ် ရွှေပုံတောင် အထူးစိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးထားသည့် ၂ဝ၁၃ ခုနှစ် တမာစိုက်ခင်း ၃၁၂ ဒသမ ၅ ဧက ၂ဝ၁၇-၂၁ဝ၈ ခုနှစ် ဖြည့်စွက်စိုက်ပင် အပင် ၁ဝဝဝဝ စိုက်ပျိုးခြင်း၊ ၂ဝ၁၆ ခုနှစ် ကွက်လပ်ဖြည့် တမာပင်ကြီး အပင် ၁၅ဝ စိုက်ပျိုးခြင်း၊ ၂ဝ၁၇ ခုနှစ် ကွက်လပ်ဖြည့် တမာပင်ကြီး အပင် ၁ဝဝ စိုက်ပျိုးခြင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

            ထို့နောက်တာဝန်ရှိသူများက စိုက်ခင်းရှင်းလင်းဆောင် တွင် ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက် ခဲ့သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပုံတောင် အထူးစိမ်းလန်းစိုပြည်ရေးဒေသအတွင်း ၂ဝ၁၇ ခုနှစ် Acacia Hybrid သစ်မျိုး ၂၅ ပင် စမ်းသပ် စိုက်ပျိုးခြင်း၊ ၂ဝဝ၈ ခုနှစ် ကွက်လပ်ဖြည့် တမာပင်ကြီး ၂၂၅ ပင် စိုက်ပျိုးခြင်း၊ ၂ဝ၁၇ ခုနှစ် ဗာတီဗာမြက် ကွန်တို အလိုက်စိုက်ပျိုးခြင်း၊ ရွှေပုံတောင်၊ ထိုင်တော်မူဘုရားကုန်း တွင် ၂ဝ၁၇ ခုနှစ် ဖြည့်စွက်စိုက်ပျိုးခြင်း သစ်မျိုးစုံ အပင် ၇ဝဝ စိုက်ပျိုးထားခြင်း၊ ၂ဝ၁၇ ခုနှစ် ရွှေပုံတောင် အထူး စိမ်းလန်းစိုပြည်ရေး ကန္တာစိမ်းပင်များရှင်းလင်း၍ သစ်မျိုးစုံ ပြန်လည်အစားထိုးစိုက်ပျိုးခြင်း သုည ဒသမ ၅ ဧကကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ခင်းများ ပြုစုထိန်းသိမ်းရေး အတွက် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်