၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ

နေပြည်တော် ဇူလိုင် ၁၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ခုနှစ် ၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသားသမီး များအားပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် (၁၆-၇-၂၀၁၈) ရက်နေ့၊ နံနက် (ဝ၈:၄၅)နာရီ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အထွေထွေမန်နေဂျာများ၊ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများတက်ရောက်ကြပါသည်။

ယခုနှစ်တွင် ခြောက်ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၁၉)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၃၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃၃)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၃၅)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၁၃၈)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၂၆၅)ဦးရှိပြီး၊ ၂၀၁၇-၂၀၁၈ ခုနှစ်ပညာသင်နှစ်တွင် စုစုပေါင်းအောင်မြင်သူ (၇၉၆)ဦး ရှိကြောင်း သိရှိရပါသည်။