ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၂၀) ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၈

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၂၀) ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၈-၈-၂၀၁၈)ရက်နေ့၊ နံနက်(ဝ၈:၄၅) နာရီ၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ စီမံချက် (၂၀၁၈-၂၀၂၀)မူကြမ်း ရေးဆွဲပြီး ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံးဆွေးနွေးပွဲမှာ ရည်ရွယ်ချက် (၃)ချက် ရှိပါကြောင်း၊ ပထမအချက်မှာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ မဟာဗျူဟာစီမံချက်နှင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ဖော်ထုတ် ရာတွင် အကျိုးဆက်စပ်သူများအားလုံး ပူးပေါင်းပါဝင်လာစေရန်၊ ဒုတိယအချက်မှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အားနည်းချက်၊ အားသာချက်၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ပြီး ၊ ပိုမိုထိရောက်သော အစီအစဉ်များ ချမှတ်နိုင်ရန်နှင့် နောက်ဆုံးအချက်မှာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်း ဆောင်ရွက်ခြင်းကို အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်သည့် ဌာနဆိုင်ရာ အားလုံးပိုမိုပူးပေါင်းဆောင်ရွက်ပြီး၊ အရှိန်အဟုတ်မြှင့်တင်ဆောင်ရွက်သွားနိုင်ရန် ဟူသော ရည်ရွယ်ချက် များနှင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပညာရှင်များအနေဖြင့် ဆွေးနွေးအကြံပြုကြပါရန် ပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ် (သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်)၊ သစ်တောဦးစီးဌာနမှ အရာရှိကြီး များ၊ ပြည်နယ်/ တိုင်းဒေသကြီး သစ်တောဦးစီး ဌာနများမှ CF Unit အဖွဲ့ဥက္ကဌများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။