ပြည်ထောင်စုဝန်ကြီးရုံး(ပတ်ဝန်းထိန်းသိမ်းရေးနှင့်သစ်တောရေးရာ)တွင် လစ်လပ်လျက်ရှိ‌သော အမှုထမ်းရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။      သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ)တွင် လစ်လပ်လျက်ရှိ‌သော အမှုထမ်းရာထူးနေရာ များအတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါ သည်-

စဉ်

ရာထူး/ လစာနှုန်း

ခန့်ထား

မည့်အရေ

အတွက်

ပညာအရည်အချင်း သတ်မှတ်ချက်

အသက်

သတ်မှတ်ချက်

၁။

ယာဉ်မောင်း(၅)

၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀

အခြေခံပညာ အလယ်တန်း အောင်ရမည်၊ ယာဉ်မောင်း လိုင်စင်(ခ)ရှိပြီး သက်တမ်း အနည်းဆုံး(၁)နစ်ရှိရမည်။

အသက်(၄၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

၂။

ရုံးအကူ/စာပို့

၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀

အခြေခံပညာအလယ်တန်း အောင်ရမည်။

အသက်(၃၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

၃။

သန့်ရှင်းရေးအကူ

၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀

မြန်မာစာကို ကောင်းစွာ ရေးဖတ်တက်ရမည်။

အသက်(၄၀)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

၂။       လျှောက်ထားသူများသည်-

(က)  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)    ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေထိုင်သူဖြစ်ရမည်။

(ဂ)    ကျန်းမာပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူ ဖြစ်ရပါမည်။

(ဃ)  ဌာနတွင် အနည်းဆုံး (၂)နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြုလက်မှတ် ရေးထိုး ရမည်။

၃။      လျှောက်လွှာပုံစံများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Website ဖြစ်သော www.monrec.gov.mm ၌ download ရယူနိုင်ပြီး တစ်ဖက်ဖော်ပြပါ စာရွက် စာတမ်း၊ အထောက်အထားများပူးတွဲလျက် ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)၊ နေပြည်တော်သို့ ၁၈-၁၂-၂၀၂၅ ရက် (ကြာသပတေးနေ့) နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြင့်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်သည်-

(က)     (၁)လအတွင်း ရိုက်ကူးထားထားသော ၁ လက်မပတ်လည် ဓါတ်ပုံ (၂)ပုံ

(ခ)      နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

(ဂ)      သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်မိတ္တူ

(ဃ)     သတ်မှတ်ထားသောပညာအရည်အချင်းအတွက် အောင်မြင်ထားသည့်အောင်လက်မှတ် မိတ္တူ       

(င)      (၁)လအတွင်း ရယူထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ရဲစခန်း၏ ထောက်ခံချက်မူရင်း

(စ)      သက်ဆိုင်ရာပြည်သူ့ဆေးရုံများတွင် (၁)လအတွင်း ကျန်းမာရေးကောင်းမွန်ကြောင်း စစ်ဆေးထားသည့် ဆေးစစ်ထောက်ခံချက်မူရင်း

(ဆ)     အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆/၆၆)မိတ္တူ

၄။      သတ်မှတ်ရက်ထက် ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်းသတ်မှတ် ချက်နှင့် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အထောက်အထား မပြည့်စုံသူများကို လုံးဝ(လုံးဝ) ထည့်သွင်းလက်ခံ စဉ်းစားပေးမည် မဟုတ်ပါ။

၅။      ဖြေဆိုခွင့်ရရှိသူအမည်စာရင်းကို ဌာန၏ Website ဖြစ်သော www.monrec.gov.mm တွင် ကြေငြာပေးထားမည်ဖြစ်ပြီး လျှောက်ထားသူသည် မြန်မာစာနှင့် အထွေထွေဗဟုသုတဘာသာရပ် မေးခွန်းတို့အား ၂၂-၁၂-၂၀၂၅ ရက်နေ့တွင် စစ်ဆေးခံရမည်ဖြစ်ပြီး အောင်မြင်သူများကို ၂၃-၁၂-၂၀၂၅ ရက်နေ့တွင် လူတွေ့နှုတ်ဖြေစစ်ဆေးမည်ဖြစ်ပါသည်။ ဖြေဆိုခွင့်ကတ်ပြားများကို ၂၁-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ပါသည်။

၆။      အသေးစိတ်သိရှိလိုပါက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈) ၊ နေပြည်‌တော် တယ်လီဖုန်းအမှတ် ၀၆၇-၄၀၅၀၇၂ / ၀၆၇-၄၀၅၃၈၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

သက်ဆိုင်သည့် လျှောက်လွှာပုံစံများအား အောက်ဖော်ပြပါ Link တွင် ဝင်ရောက် Download ရယူနိုင်ပါသည်-

          http://www.monrec.gov.mm/sites/default/files/test/Book_PDF/Forms_0.pdf