မြေတိုင်းပညာရပ်ဆိုင်ရာ နည်းပညာဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း(ပြင်ဦးလွင်)၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်သင်ကြားခဲ့သည့် မြန်မာနိုင်ငံမြေတိုင်းကျောင်းသင်တန်းဆင်းပွဲအခမ်းအနားကို ၃၀-၁-၂၀၂၆ ရက်နေ့ ၉:၀၀ နာရီ တွင် ကျင်းပရာ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။

          ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် သင်တန်းအသီးသီးတွင် ပထမအဆင့်ဖြင့် ထူးချွှန်စွာအောင်မြင်ခဲ့ကြသော သင်တန်းသားများအား ဆုချီးမြင့်ခြင်းနှင့် ၂၉-၁-၂၀၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြေတိုင်းပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွင် စာတမ်းဖတ်ကြားခဲ့သည့် စာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပါသည်။