နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဖွဲ့စည်းခြင်း

ဖွဲ့စည်းခြင်း  

          နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို နိုင်ငံ၏ကမ်းရိုးတန်းနှင့် ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံ၏ပင်လယ်ကမ်းရိုးတန်းဒေသ ထွက်ကုန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုတန်ဖိုးမြှင့်တင်ပံ့ပိုးပေးနိုင်ရန်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများအား ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် အတွက် ဗဟိုကော်မတီကို ၃၀-၁၁-၂၀၁၆ ရက်နေ့ တွင် အဖွဲ့ဝင် (၁၉) ဦးဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၁၁၃/၂၀၁၆အရ စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၀) ရပ်ကို ချမှတ်တာဝန်ပေးအပ်ခဲ့ပါသည်။               

နိုင်ငံ၏ ခေတ်စနစ်အခြေအနေများနှင့်အညီ ၂-၄-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၂၁ အရ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ဗဟိုကော်မတီဝင် (၂၀) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန် (၁၀)ရပ်အပ်နှင်းတာဝန်ပေးအပ်ခဲ့ပါသည်။

ဗဟိုကော်မတီကို ၃၀-၉-၂၀၂၁ ရက်နေ့တွင် အမြဲတမ်းအတွင်းဝန်၊ စက်မှုဝန်ကြီးဌာန အား ကော်မတီဝင်အဖြစ် ထည့်သွင်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာ စာအမှတ် ၃၀၆/၂၀၂၁ ဖြင့်လည်းကောင်း၊ ၂၁-၆-၂၀၂၂ ရက်နေ့တွင် ဗဟိုကော်မတီဝင် “အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအစား အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အမြဲတမ်းအတွင်းဝန်၊ စွမ်းအင်ဝန်ကြီးဌာနတို့အား ထည့်သွင်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၁၀၉/၂၀၂၂ ဖြင့်လည်းကောင်း၊ ၂၅-၂-၂၀၂၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၆၇/ ၂၀၂၃ဖြင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ပြင်ဆင်ဖွဲ့စည်းပေးခဲ့ရာ ယခုအခါ ဗဟိုကော်မတီဝင် (၂၂) ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။