ဗဟိုကော်မတီဒုတိယအကြိမ်အစည်းအဝေးကျင်းပခြင်း

         ဗဟိုကော်မတီဒုတိယအကြိမ်အစည်းအဝေးကို ၁၆.၂.၂၀၂၂ တွင်ကျင်းပခဲ့ပြီး အောက်ဖော်ပြပါအစည်းအဝေးဆုံးဖြတ်ချက် (၁၁)ချက်ကို ချမှတ်ခဲ့ပါသည်-

(က)    ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်း အစီအစဉ် (Integrated Coastal Management Programme –ICM) အား ဒေသတွင်း နိုင်ငံများ၏ နမူနာကောင်းများကိုပါ ထပ်မံလေ့လာထည့်သွင်း၍ အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်၊

(ခ)     Blue Economy ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ ကဏ္ဍအလိုက် ဖော်ထုတ်ချမှတ်နိုင်ရေး ဆက်လက်လေ့လာ၍ လုပ်ငန်းကော်မတီတွင် ဆွေးနွေးဆောင်ရွက်ရန်၊

(ဂ)     ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန် (ခ) ဖြစ်သည့် “နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း သယံ ဇာတများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ခု တည်ထောင် ရန်”အတွက် ဗဟိုကော်မတီအဖွဲ့ဝင်များအကြား သတင်းအချက်အလက် ဖြန့်ဝေ ဆက်သွယ်နိုင်မည့် စနစ်တစ်ခုတည်ထောင်နိုင်ရေး ဆောင်ရွက်ရန်၊

(ဃ)    ကမ်းခြေစောင့် တပ်ဖွဲ့က ကိုယ်စားလှယ်တစ်ဦးကို လုပ်ငန်းကော်မတီ အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းသွားရန်နှင့် အဏ္ဏဝါဗေဒဆိုင်ရာ ပညာရှင်နှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စား လှယ်ကို လုပ်ငန်းကော်မတီ (သို့မဟုတ်) တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီများ တွင် ထည့်သွင်းဖွဲ့စည်းနိုင်ရေး လုပ်ငန်းကော်မတီတွင် ဆွေးနွေးဆောင်ရွက်ရန်၊

(င)     ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး ရေးအတွက် ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီး/ပြည်နယ် (၆)ခု တွင် Public-Private Partnership နည်းလမ်းဖြင့် သုတေသနစင်တာများ တည်ထောင်နိုင်ရေး လေ့လာ ဆွေးနွေး၍ လုပ်ငန်းကော်မတီအစည်းအဝေးတွင် တင်ပြရန်၊

(စ)     ငါးသလောက်မျိုးစိတ်များထိန်းသိမ်းရေး၊ ရေလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဒီရေတော ဂေဟစနစ်ကို ထိခိုက်မှုမရှိစေသော ငါး၊ ပုစွန်၊ ကဏန်းမွေးမြူရေး (Mangrove Friendly Aquaculture)၊ ငါးမဖမ်းရဇုန်/ဧရိယာများ တိုးချဲ့သတ်မှတ်ရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေး ဆိုင်ရာ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များအတွက် သုတေသန လုပ်ငန်းများနှင့် ကနဦး လုပ်ငန်းအစီအစဉ်များ ဖော်ထုတ်ဆောင်ရွက်ရန်၊

(ဆ)    ငါးလုပ်ငန်းဦးစီးဌာနက ငါးဖမ်းလုပ်ငန်းလိုင်စင် ထုတ်ပေးရာတွင် ငါးဖမ်းလှေများ၌ တပ်ဆင်ထားရှိရမည့် Vessel Monitoring System (VMS) စနစ်နှင့် Turtle Excluder Devices များ တပ်ဆင်စေရေး ထိရောက်စွာ ကြီးကြပ်စစ်ဆေး အရေးယူဆောင်ရွက် သွားရန်နှင့် အဏ္ဏဝါသယံဇာတများထိန်းသိမ်းရေးအတွက် ကင်းမွန်မီးထွန်းလှေနှင့် ဝိုင်းချုပ် စနစ်ဖြင့် ငါးဖမ်းခြင်းလုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်းကို တဖြည်းဖြည်းလျှော့ချ ကန့်သတ်သွားရန်၊

(ဇ)     မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းနယ်နိမိတ် တစ်လျှောက် လုံခြုံရေး၊ ဥပဒေစိုးမိုးရေး၊ တရားမဝင်လုပ်ငန်းများ စောင့်ကြပ်ကွပ်ကဲရေးလုပ်ငန်းများ ပုံမှန် ဆောင်ရွက်ရန်နှင့် ကမ်းရိုးတန်းနှင့်အဏ္ဏဝါသယံဇာတ ထိန်းသိမ်းရေး၊ ရာသီဥတုနှင့်ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် လူထုအသိပညာပေး လုပ်ငန်းများကို ဆက်လက်မြှင့်တင်ဆောင်ရွက်ရန်၊

(ဈ)     ပင်လယ်ကမ်းခြေ ခရီးသွားဒေသများ ဖွံ့ဖြိုးရေးနှင့် လှပသာယာရေရှည် တည်တံ့ရေး အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အမှိုက်စွန့်ပစ်ခြင်းစနစ်ဖွံ့ဖြိုးစေရန် အပိုင်းအခြား အလိုက်တာဝန်ယူ၍ အမှိုက်စီမံခန့်ခွဲမှုစနစ်တစ်ရပ် (ဟိုတယ်အပိုင်း၊ ကမ်းခြေကျေးရွာ များအပိုင်း၊ အများပိုင်အပိုင်း စသည်) ဖော်ထုတ်ဆောင်ရွက်ရန်၊

(ည)    မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီး/ပြည်နယ် (၆) ခုရှိ ကမ်းရိုးတန်း မြို့နယ်များ တွင် ဒီရေတောများစိုက်ပျိုးနိုင်သည့် ရာသီကာလအတွင်း ဒီရေတောများ တိုးမြှင့် တည်ထောင်စိုက်ပျိုးခြင်းနှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်းကို မြှင့်တင်ဆောင်ရွက်ရန် ၊

(ဋ)     တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းများအမှတ် စဉ်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်း များ ဆက်လက်စီမံဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ၊ မြေတိုင်းဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)တို့ ဆက်လက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရန်။