လုပ်ငန်းကော်မတီဒုတိယအကြိမ်အစည်းအဝေး

လုပ်ငန်းကော်မတီဒုတိယအကြိမ်အစည်းအဝေးကို ၂-၈-၂၀၂၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး အောက်ဖော်ပြပါ အစည်းအဝေး ဆုံးဖြတ်ချက် (၆) ရပ်ကိုချမှတ်ခဲ့ပါသည်-

(က)    တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီများက Public-Private-Partnership (PPP) အစီအစဉ်ဖြင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်ခြင်းဆိုင်ရာ သုတေ သနစင်တာများတည်ထောင်မည့် အစီအစဉ်များ ဖော်ထုတ်ဆောင်ရွက်နေစဉ် တိုင်းဒေသ ကြီး/ပြည်နယ်များရှိ တက္ကသိုလ်များက ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်း အစီအစဉ်များကို ဗဟိုကော်မတီ (တတိယအကြိမ်) အစည်းအဝေးသို့ တင်ပြ၍ လုပ်ငန်း ဆောင်ရွက် တိုးတက်မှုကို မှတ်တမ်းတင်ရန်၊

(ခ)     ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ သတင်းအချက်အလက် ဖြန့်ဝေခြင်းစနစ် တစ်ရပ်တည်ထောင်ရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ထံ အကြံပြုချက်တောင်းခံရန်နှင့် လုပ်ငန်းကော်မတီဝင်များအကြား သတင်းအချက် အလက်ဖြန့်ဝေရန်အတွက် Viber Group တည်ထောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊

(ဂ)     ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ထိန်းသိမ်းခြင်းနှင့် အကျိုးရှိထိရောက်သည့် အသုံးပြုမှုစနစ်များ ဖွံဖြိုးရေးတွင် ပြည်သူများက ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက် ရေးအတွက် ကျေးရွာ၊ မြို့နယ်များအဆင့်အထိ စီမံခန့်ခွဲမှုသက်ရောက်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မြှင့်တင် ပူးပေါင်းဆောင်ရွက်ရန်၊

(ဃ)    တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းများ အမှတ်စဉ် ရေးထိုးဆောင်ရွက်ခြင်းအတွက် အစီအစဉ်များ ဖော်ထုတ်ဆောင်ရွက်နေစဉ် ဒေသတွင်းကျွန်းနိုင်ငံများ၏ အမှတ်စဉ် ရေးထိုးသည့် နည်းစနစ်များကို ကိုးကား၍ ပဏာမအဆင့်အနေဖြင့် GIS နည်းပညာ များအသုံးပြု၍မြေပုံပေါ်တွင် ဦးစွာအမှတ်စဉ်များရေးထိုးသတ်မှတ်ခြင်းကိုဆောင်ရွက်ရန်၊

(င)     ICM အစီအစဉ် အတည်ပြုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နှင့် ဥပဒေအရ စည်းနှောင်ခြင်း မရှိသော ပြဌာန်းချက်တစ်ရပ်အနေဖြင့် အတည်ပြု မည့်နည်းလမ်းဖြင့် အတည်ပြုခွင့်ရယူရန်အတွက် ဗဟိုကော်မတီ (တတိယအကြိမ်) အစည်းအဝေးသို့ တင်ပြရန်၊

(စ)     Blue Economy ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကို ဖော်ထုတ်နိုင်ရေးအတွက် လုပ်ငန်းကဏ္ဍ အလိုက် လေ့လာချက်များကို ဗဟိုကော်မတီ (တတိယအကြိမ်) အစည်းအဝေးသို့ တင်ပြရန်။