လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း

ဖွဲ့စည်းခြင်း

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ကို ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် ၆-၉-၂၀၁၇ ရက်နေ့တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၁၆/ ၂၀၁၇ အရ အဖွဲ့ဝင် (၁၂) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းတာဝန် (၆) ရပ်ကို အပ်နှင်းထားရှိပါသည်။

လုပ်ငန်းကော်မတီကို ၅-၁၁-၂၀၂၁ ရက်နေ့တွင် ခေတ်စနစ်အခြေအနေများနှင့်အညီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၁၃၂/ ၂၀၂၁ အရ အဖွဲ့ဝင် (၂၃) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ ၂၇-၅-၂၀၂၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၉၆/၂၀၂၂ ဖြင့်လည်းကောင်း၊ ၇-၉-၂၀၂၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁၃၅/၂၀၂၂ ဖြင့် လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ အဖွဲ့ဝင် အဖြစ် ကမ်းခြေစောင့်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကို ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းကော်မတီကို ၂၄-၇-၂၀၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၈၅/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ယခုအခါ လုပ်ငန်းကော်မတီဝင် (၂၄) ဦးဖြင့် လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်လျက်ရှိပါသည်။