![](https://www.monrec.gov.mm/sites/default/files/test/styles/263x166/public/News/1_12.jpg?itok=knm_7tMv)
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ခ်ျနိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ၂၈.၉.၂၀၂၃ ရက်နေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၂၈ ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှားနှင့် မြန်မာနှစ်နိုင်ငံအကြား သတ္တုကဏ္ဍ ၊ ပုလဲကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။