![](https://www.monrec.gov.mm/sites/default/files/test/styles/263x166/public/News/%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA-Logo_1_0.png?itok=Wj9m9JmJ)
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲကို “သွေးနှင့်ရေးသော သမိုင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲကို “လွတ်လပ်ရေးနှင့် လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျပန်းစာကားပြောပြိုင်ပွဲကို “နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရေးတွင် လွတ်လပ်ရေးသည် မရှိမဖြစ်လိုအပ်သည့် ပင်မရင်းမြစ် အသက်သွေးကြော ဖြစ်သည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီတွင် သီရေတာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပါမောက္ခချုပ်က မိမိတို့နိုင်ငံသည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေထိုင်ခဲ့ကြောင်း၊ တိုင်းတစ်ပါးကျူးကျော်မှုများကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း၊ လွတ်လပ်ရေးပြန်လည် ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရမှုများနှင့် လွတ်လပ်ရေး၏ အနှစ်သာရကို မိမိတို့နှလုံးသားထဲတွင် စွဲမြဲစွာ မှတ်သားဂုဏ်ယူ၍ အစဉ်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပြိုင်ပွဲအသီးသီးအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၂) ဆုတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။