![](https://www.monrec.gov.mm/sites/default/files/test/styles/263x166/public/News/ECD-1%20PNG_6.png?itok=AlQbs9Zi)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် (၂.၃.၂၀၂၄) ရက်နေ့ နံနက် တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဩဝါဒစကားပြောကြားခြင်း၊ ဝန်ထမ်းများ၏အခက်အခဲများမေးမြန်းခြင်း၊ ရုံးအဆောက်အဦးအားစစ်ဆေးကြည့်ရှုခြင်းနှင့် တိုင်းတာရေးကိရိယာများကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ညောင်ဦးမြို့၊ အောင်မြေသာရပ်ကွက်ရှိ ခရိုင်ရုံး ဝန်ထမ်းအိမ်ယာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။