![](https://www.monrec.gov.mm/sites/default/files/test/styles/263x166/public/News/%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA-Logo_9.png?itok=Hd5NV05X)
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ၂.၄.၂၀၂၄ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်က အဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိမြို့နယ်၊ မြို့နယ်မီးသတ် ဦးစီးမှူး၊ ဦးမင်းသူက မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းအကြောင်းရင်းများ၊ မီးငြိမ်းသတ်နိုင်မည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအစီအမံများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောသည်။
ထို့နောက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား မီးသတ်ဆေးဗူး အသုံးပြုနည်းများနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။