![](https://www.monrec.gov.mm/sites/default/files/test/styles/263x166/public/News/FD%20Logo%20Website%20%E1%80%90%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA_1.png?itok=yU7Vwp2p)
“သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး အစီအစဉ်အရ” နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲများကို ၂၄-၄-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဇောင်းတူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ၂၈-၄-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာ အထက်တန်းကျောင်းနှင့် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ပါသည်။
သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းအရာများ၊ သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲများသို့ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဇောင်းတူကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာ အထက်တန်းကျောင်းတွင် သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း
မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန အစည်းအဝေးခန်းမတွင် သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း