သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၏ (၁/၂၀၂၄-၂၀၂၅)ကြိမ်မြောက် အစည်းအဝေးကျင်းပ

          (၃၀-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် သစ်တောဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း (၁/၂၀၂၄-၂၀၂၅)ကြိမ်မြောက် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပရာ ကော်မတီဥက္ကဌ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)နှင့်  စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် တာဝန်ရှိသူများက မိမိတိုကဏ္ဍအလိုက်‌ ဆောင်ရွက်မည့် တည်ဆောက်ရေးနှင့် ပစ္စည်းဝယ်ယူရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခြင်း၊ အရည်အသွေးစံချိန်စံညွှန်းများနှင့် ဈေးနှုန်းများ စိစစ်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။