ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်-သထုံခရိုင်၊ မော်လမြိုင်မြို့နယ်တို့တွင် "သစ်တောနှင့်ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” များကျင်းပ

       ၂၉-၄-၂၀၂၄ ရက်နေ့တွင် "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး အစီအစဉ်အရ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား  အသိပညာပေးဟောပြောပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)၌လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်-သထုံခရိုင်၊ မော်လမြိုင်မြို့နယ်၊ မောင်ငံရပ်ကွက်၊ အောင်တော်မူ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌လည်းကောင်း အသီးသီး ကျင်းပခဲ့ပါသည်။

            သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အကြောင်းအရာများ၊ သစ်တောများနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် ရှင်းလင်းပြသခြင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဟောပြောပွဲတက်ရောက်လာသူများအား ကမ္ဘာမြေထိန်းသိမ်းခြင်းဆိုင်ရာ အခြေခံနည်းလမ်းများစာအုပ်နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

             အသိပညာပေး‌ဟောပြောပွဲများသို့ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း

 

မွန်ပြည်နယ်၊ မော်လမြိုင်-သထုံခရိုင်၊ မော်လမြိုင်မြို့နယ်၊ မောင်ငံရပ်ကွက်၊ အောင်တော်မူ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း