ချင်းပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs)၏ ဒေသထုတ်ကုန်ပြပွဲကျင်းပ

ချင်းပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၏ ဒေသ ထုတ်ကုန်ပြပွဲကို ၁-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ၌ ဟားခါးမြို့ အခြေချစစ်ဗျူဟာ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ ၊ အခြားဖိတ်ကြားထား သူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါပြပွဲတွင် ‌MSME နှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန (၇)ခုမှ ပြခန်းများ ခင်းကျင်းပြသခဲ့ရာ သစ်တောဦးစီးဌာနအနေဖြင့် ဝါးကြိမ်လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု၊ ဝါးအကြောင်း သိကောင်းစရာ အချက်အလက်များနှင့် ဝါးစိုက်ခင်းများ တည်ထောင်ခြင်း၊ ရွှေ့ပြောင်းတောင်ယာပပျောက်ရေး သီးနှံသစ်တောရောနှောတည်ထောင်ခြင်း နည်းစနစ်များ စသည့်အကြောင်းအရာများအား ခင်းကျင်း၍ movie clip များနှင့်အတူ  ပြသခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တက်ရောက် လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ အားပေးခဲ့ကြပါသည်။