ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ “သစ်သားပန်းပု၊ ဝါးနှင့်ကြိမ်လက်မှုပစ္စည်းများပြခန်း”ကိုခင်းကျင်းပြသ

(၁.၅.၂၀၂၄)ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အ.ထ.က (၁) ၌ အလုပ်သမားနေ့အထိမ်းအမှတ်အနေဖြင့် ကချင်ပြည်နယ်သစ်တောဦးစီးဌာနမှ  ကြီးမှူး၍ “သစ်သားပန်းပု၊ ဝါးနှင့်ကြိမ်လက်မှုပစ္စည်းများပြခန်း”ကို ခင်းကျင်းပြသရာ လာရောက်ဝယ်ယူသူများနှင့် စည်းကားလျှက်ရှိပြီး ပြခန်းသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ တရားသူးကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လာရောက်ကြည့်ရူ့အားပေးခဲ့ကြပါသည်။ သစ်တောဦးစီးဌာနမှလက်မှုပစ္စည်းများနှင့် ပက်သတ်၍ ပြည်သူများ အလွယ်တကူသိရှိနိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။