ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများတွင် “သစ်တော နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲများ” ကျင်းပ

        သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး အစီအစဉ်အရ နွေရာသီကျောင်း ပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား  အသိပညာပေး ဟောပြောပွဲများကို ၂-၅-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အလုံမြို့  အထက-၂ ခန်းမ (နမခ)၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ အ.ထ.က(ခွဲ) အ.လ.က(၁၀) မြိတ်မြို့၌လည်းကောင်း အသီးသီး ကျင်းပခဲ့ပါသည်။

        သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာအကြောင်းအရာများ၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်းအရာများ၊ ရေဝေရေလဲဒေသများထိန်းသိမ်းရေးနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်း တို့ကို အသိပညာပေးဟောပြောခဲ့ပြီး သစ်တောကြေးမုံ စာ‌စောင်များလှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

        အသိပညာပေး‌ဟောပြောပွဲများသို့ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် နတ်မင်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အလုံမြို့ အထက-၂ ကျောင်းခန်းမ (နမခ)တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ မြို့မ(၁)ရပ်၊ အ.ထ.က(ခွဲ) အ.လ.က(၁၀)တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆောင်ရွက်ခြင်း