သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စုဝေးခန်းမတွင် သစ်တော နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

       သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား/သူလူငယ်များ မိမိတို့ ဝန်းကျင်ရှိ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်နှင့် လက်ရှိရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အခြေခံအကြောင်းအရင်းများကို သိရှိနားလည်တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနသည် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၃.၅.၂၀၂၄)ရက်နေ့ နံနက်ပိုင်း၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စုဝေးခန်းမတွင် ဟောပြောဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ ကျောင်းသားကျောင်းသူအင်အား (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။  ထို့နောက် သင်္ဃန်းကျွန်းမြို့နယ် ရွာသာကြီးအမြဲတမ်းပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသော ပျိုးပင်များ စံနစ်တကျ ပြုစုပျိုးထောင်ခြင်းနှင့် နည်းလမ်းတကျသစ်ပင်စိုက်ပျိုးခြင်း အခြေခံနည်းစနစ်တို့ကို သရုပ်ပြရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်းနှင့် သစ်တောဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။