မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခြောက်သွေ့ကာလ နွေရာသီ၌ ရေရှားပါးသော ကျေးရွာများသို့ ရေလှူဒါန်းခြင်းများဆောင်ရွက်

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ  ခြောက်သွေ့ကာလ နွေရာသီ၌ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ၅.၅.၂၀၂၄ ရက်နေ့များတွင် ညောင်ဦးခရိုင်၊  ညောင်ဦးမြို့နယ်၊ ပြွန်ကျေးရွာအုပ်စု၊  ကန်စောင့်ကျေးရွာရှိ အိမ်ထောင်စု (၂၅၀) စု၊ လူဦးရေ (၁၃၀၀) ဦး တို့အတွက် သောက်သုံးရေဖူလုံစေရေး ဌာနပိုင်ဂါလံ(၁၂၀၀)ဆံ့ ရေသယ်ယာဉ်ဖြင့် စုစုပေါင်းရေဂါလံ (၂၄၀၀) ကိုလည်းကောင်း၊ မိတ္ထီလာခရိုင်၊  သာစည်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊  ရွာပုလဲကျေးရွာရှိ အိမ်ထောင်စု (၃၁၀) စု၊ လူဦးရေ (၁၅၀၀) ဦးတို့အတွက် သောက်သုံးရေဖူလုံစေရေး  ဌာနပိုင် ဂါလံ (၈၀၀) ဆံ့ ထော်လာဂျီရေသယ်ယာဉ်ဖြင့် စုစုပေါင်းရေဂါလံ (၃၂၀၀) ကိုလည်းကောင်း ၊ မကွေးခရိုင်၊  တောင်တွင်းကြီးမြို့နယ်၊ အင်းရွာကြီးကျေးရွာအုပ်စု၊  အင်းရွာကြီးကျေးရွာရှိ အိမ်ထောင်စု (၁၄၆) စု နှင့် ဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေဖူလုံစေရေး ဌာနပိုင် ဂါလံ (၁၂၀၀) ဆံ့ ရေသယ်ယာဉ်ဖြင့် စုစုပေါင်းရေဂါလံ (၂၄၀၀)ကိုလည်းကောင်း လှူဒါန်းခဲ့ပါသည်။  

ခြောက်သွေ့ကာလ နွေရာသီ၌ သောက်သုံးရေရှားပါးသော ညောင်ဦးခရိုင်၊  ညောင်ဦးမြို့နယ်၊ ပြွန်ကျေးရွာအုပ်စု၊  ကန်စောင့်ကျေးရွာတွင် သောက်သုံးရေလှူဒါန်းခြင်း

ခြောက်သွေ့ကာလ နွေရာသီ၌ သောက်သုံးရေရှားပါးသော မိတ္ထီလာခရိုင်၊  သာစည်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊  ရွာပုလဲကျေးရွာတွင် သောက်သုံးရေလှူဒါန်းခြင်း

ခြောက်သွေ့ကာလ နွေရာသီ၌ သောက်သုံးရေရှားပါးသော မကွေးခရိုင်၊  တောင်တွင်းကြီးမြို့နယ်၊ အင်းရွာကြီးကျေးရွာအုပ်စု၊  အင်းရွာကြီးကျေးရွာတွင် သောက်သုံးရေလှူ ဒါန်းခြင်း