ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

၉-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်ခရိုင် သန်လျင်မြို့နယ် သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ များ၏ အရေးပါပုံကို သိရှိနားလည်တန်ဖိုးထားတတ်စေရန်၊ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ သိရှိနားလည်စေရန်၊ မြစ်ချောင်းများနှင့် အဏ္ဏဝါပတ်ဝန်းကျင်အ‌ပေါ် တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ သန်လျင်မြို့နယ်၊ အ.ထ.က(၃)တွင် ဂေဟစနစ်များနှင့် သက်ရှိဇီဝမျိုးစုံမျိုးကွဲများ၏ လူနှင့် ပတ်ဝန်းကျင်အပေါ် ဝန်ဆောင်မှု‌အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျက်စီးစေသည့် အကြောင်းအရင်းများ၊ ၎င်းတို့ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းရန်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး၊ ကျောင်းသားကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ နည်းလမ်းတကျ သစ်ပင်စိုက်ပျိုးခြင်းအခြေခံ နည်းစနစ်များကို ရှင်းလင်းပြသခြင်း၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားသို့ ဆရာ/ဆရာမများ ကျောင်းသား/သူများ၊ ဆက်စပ်ဌာနများမှ ဖိတ်ကြား ထားသူများ စုစုပေါင်း (၁၃၈) ဦး တက်ရောက်ခဲ့ပါသည်။