ဝန်းကျင်လေထုအရည်အသွေးနှင့် ရေအရည်အသွေးတို့အား တိုင်းတာစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ၉-၅-၂၀၂၄ ရက်နေ့တွင် မကွေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဝန်းနှင့် ကန်သာကန်အနီး ဝေယံဘုံမြင့် ဘုန်းကြီးကျောင်းဝန်းတို့တွင် ဝန်းကျင်လေထုအရည်အသွေးအား တိုင်းတာစစ်ဆေးခြင်း၊ ကန်သာကန်ရေ၊ သုခိတာရေလှောင်ကန်နှင့် ကျောက်ကုန်းရေလှောင်ကန်တို့၏ မြေပေါ်ရေအရည်အသွေးအား တိုင်းတာစစ်ဆေးခြင်းနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင် တွင်းအမှတ်(၅)၊ တွင်းအမှတ်(၁၆)၊ တွင်းအမှတ်(၁၈)၊ တွင်းအမှတ်(၁၉)တို့၏ မြေအောက်ရေအရည်အသွေးအား တိုင်းတာစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။