မွန်ပြည်နယ်၊ မော်လမြိုင် -သထုံခရိုင်၊ သစ်တောဦးစီးဌာနက နွေရာသီကျောင်း ပိတ်ရက်၌ ကျောင်းသား/သူများအား “သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးဆိုင်ရာ”အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်၊ သထုံခရိုင်၊ သစ်တောဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/သူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေးဆိုင်ရာ အသိအမြင်များတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် "သစ်တောနှင့် ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်း ရေးဆိုင်ရာ" ခရိုင်အဆင့် အသိပညာပေး ဟောပြောပွဲကို  ၁၀-၅-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ သင်္ဘောဦးရပ်၊ အခြေခံ ပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု ‌လျှော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူး များ၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ များဆိုင်ရာ အကြောင်း အရာတို့ကို ဟောပြောခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။

အသိပညာပေးဟောပြောပွဲသို့ မုဒုံမြို့နယ်၊ ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/သူ (၇၀)ဦး၊ စုစုပေါင်း (၈၅)ဦး တက်ရောက်ခဲ့ကြပြီး မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာရှိ တာပသွန်ပျိုးဥယျာဉ် သို့ သွားရောက်ကာ၂၀၂၄ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များနှင့် အထူးပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေတို့ကို လေ့လာခဲ့ကြပါသည်။