မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဆောင်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ သဘောထားမှတ်ချက်ပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ၊ ရေကြည်ကျေးရွာအုပ်စုတွင် ဖွံ့ဖြိုးသစ်ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေတံခွန်တောင်ဂေါက်ကွင်း၊ ကလပ်အိမ်နှင့် အပန်းဖြေဥယျာဉ် စီမံကိန်း၊ နိုင်ငံတကာအဆင့်မီဟိုတယ် ဆောက်လုပ်ခြင်းလုပ်ငန်းစီမံကိန်းနှင့် ရေတံခွန်တောင် စီးပွားရေးနှင့် လူနေအဆောက်အအုံများ ဆောက်လုပ်ငှားရမ်းခြင်း လုပ်ငန်းစီမံကိန်း သို့ (၁၄-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ RVK Myanmar Co., Ltd မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆေးဝါးလုပ်ငန်းစက်ရုံ စီမံကိန်းသို့(၁၄-၅-၂၀၂၄)ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် စက်ရုံအစည်းအဝေးခန်းမ၌ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြေပြင်လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပါသည်။