ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ စာကြည့်တိုက်နှင့် ပျဉ်းမနားမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ၁၆-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် သွားရောက်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ် (၆)အုပ်နှင့် လက်ကမ်းစာစောင်များအား ပေးအပ် လှူဒါန်းခြင်း၊ “ရေချွေတာသုံးစွဲရေးနှင့်တောင်ယာခုတ်ထွင်မီးရှို့မှု မပြုလုပ်ရေးဆိုင်ရာ” အသိပညာပေး နံရံကပ်ပိုစတာများ ကပ်နှံပြသခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။