အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေးနယ် မြေများအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူတက်ရောက်

        အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့် သဘာဝထိန်းသိမ်းရေးနယ် မြေများအတွက် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ တင်ပြခြင်းအခမ်းအနားကို ၂၁-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် သစ်တော ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ က ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့သော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း(Convention on Biodiversity–CBD)အစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာကိစ္စများကို ပိုမိုနားလည်သဘော ပေါက်စေရန်နှင့် သတိပြုမိစေရန်အတွက်ရည်ရွယ်၍ နှစ်စဉ်နှစ်တိုင်း မေလ(၂၂)ရက်နေ့ကို အပြည်ပြည်ဆိုင် ရာဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့အဖြစ်သတ်မှတ်ကြေညာခဲ့ပြီး နှစ်စဉ်ကျင်းပလာခဲ့ပါကြောင်း၊

        ယခုနှစ်တွင် ကျရောက် သောအပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ဆောင်ပုဒ်အဖြစ်“Be part of the Plan:ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လူတိုင်းပါဝင်ဆောင်ရွက်ပေး”သတ်မှတ်၍ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း ကို ရပ်တန့်စေရန်အတွက် ဆက်စပ်ပတ်သက်သူအားလုံးပူးပေါင်းပါဝင်လာစေရန် တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

        သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများရေးဆွဲခြင်းသည် သစ်တောဦးစီးဌာန၏ အဓိကအရေးကြီး လုပ်ငန်းဖြစ်သလို အလားတူ ဇီဝမျိုးစုံမျိုးကွဲများရေရှည်တည်တံ့စေရန်အတွက် သဘာဝထိန်းသိမ်းရေး နယ်မြေများကိုလည်း အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ နည်းတူသဘာဝထိန်းသိမ်းရေးနယ်မြေများကို နိုင်ငံဧရိယာ၏ (၁၀%)ဖွဲ့စည်းသတ်မှတ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၉)ခု (၆.၄၂%) သတ်မှတ်တည်ထောင် ပြီးဖြစ်ပါကြောင်း၊

        ထိန်းသိမ်းကာကွယ်မှုများ ဆောင်ရွက်ရာတွင် ဘေးမဲ့တောအလိုက်ထူးခြားသော သဘာဝ အမွေအနှစ်များ၊ ဂေဟစနစ်များ၊ ရှားပါးမျိုးစိတ်များ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအမွေအနှစ်များသည် လူမှု အဖွဲ့အစည်းအတွက် အရေးပါဆုံးအရင်းအမြစ်များဖြစ်၍ ရေရှည်တည်တံ့စေရန် ရည်မှန်းချက်ချမှတ်ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊

        လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးစသည့် ဂေဟစနစ် ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်ရရှိရေးမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများသည် အဓိကကျသကဲ့သို့ စီမံ အုပ်ချုပ်ရာတွင် မူလရည်မှန်းချက်ဖြစ်သော ဂေဟစနစ်များ၊ မျိုးစိတ်များပျက်စီးဆုံးရှုံးမသွားရန်နှင့် တိုးတက် ကောင်းမွန်ရန် ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

        နိုင်ငံအဆင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် ၂၀၁၅ - ၂၀၂၀ ကို ရေးဆွဲထား ပြီးဖြစ်၍ စီမံချက်နှင့်အညီ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊

        ၂၀၁၉ - ၂၀၂၀ ခုနှစ်မှ ၂၀၂၈ - ၂၀၂၉ ခုနှစ်အထိ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသော တောရိုင်း တိရစ္ဆာန်များ အတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း စီမံချက်ပါလုပ်ငန်းများကိုလည်း အောင်မြင်အောင် တွန်း အားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေးအတွက် ကြားခံ နယ်မြေစီမံအုပ်ချုပ်ခြင်း အစီအမံကိုလည်း ဒေသခံများကိုယ်တိုင်သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားပါသည်။

        ထို့နောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တောသောင်းနိုင်ဦးက “Biodiversity Convention : Be part of the Plan” အား Power Point ဖြင့်ရှင်းလင်းတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးနေ့အထိမ်းအမှတ်ဗီဒီယိုပြသခြင်းနှင့် တက်ရောက်လာသူများမှ ခင်းကျင်းပြသ ထားသော ပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။