"စံပြသစ်တောတည်ထောင်ခြင်းဆိုင်ရာ သဘောတရား၊ စံသတ်မှတ်ချက်များ ရှင်းလင်းပို့ချခြင်းနှင့်သဘာဝမြေဩဇာပြုလုပ်နည်းလုပ်ငန်း" ဆိုင်ရာသင်တန်းဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့ အခြေခံသစ်တောပညာသင်တန်းများမှ သင်တန်းသားများအား စံပြသစ်တောတည်ထောင်ခြင်းဆိုင်ရာသဘောတရား၊ စံသတ်မှတ်ချက်များ ရှင်းလင်းပို့ချခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်နည်းလုပ်ငန်းများ ပို့ချခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၈.၅.၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းသည် “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” အကူအညီဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါသည်။
သင်ကြားမှုအနေဖြင့် အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၈)မှ သင်တန်းသား(၈၂)ဦးအား “စံပြသစ်တော တည်ထောင်ခြင်းဆိုင်ရာ သဘောတရား၊ စံသတ်မှတ်ချက်များ ရှင်းလင်းပို့ချခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်နည်းလုပ်ငန်းများအား ပို့ချဆောင်ရွက်မည်ဖြစ်ပြီး အမှတ်စဉ်(၁၁၇) သင်တန်းသား(၂၀)ဦးအား လေ့ကျင့်ရေးသစ်တော (၅၀၀ ဧက) တွင် သဘာဝမြေဩဇာပုံများ Treatment ပေးခြင်းနည်းစနစ်များကို ၁၈-၅-၂၀၂၄ ရက်နေ့မှ ၂၀-၅-၂၀၂၄ ရက်နေ့အထိ လက်တွေ့သရုပ်ပြ သင်ကြားသွားမည်ဖြစ်ပြီး ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုအထောက်အကူပြုစေရေး၊ သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေးနှင့်အတူ ဂေဟစနစ်တည်ငြိမ်စေရေးနှင့် ဝင်ငွေအခွင့်အလမ်းများတိုးပွားစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။