သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြင့်မိုရ် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ၁၈-၅-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ၂၀၂၄ ခုနှစ် စာသင်နှစ်တက်ရောက်ကြမည့် အထက်တန်းကျောင်းသား/ကျောင်းသူ(၉၅)ဦး တက်ရောက်ခဲ့ပါသည်။
ဟောပြောပွဲတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာအသိပညာပေးခြင်း၊ သစ်တောများနှင့်ရေဝေရေလဲ ဒေသများထိန်းသိမ်းခြင်း၊ သစ်တောများမှ ပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ စသည့်ခေါင်းစဉ်အလိုက် အသီးသီးဟောပြောခဲ့ကြပြီးနောက် အမြင့်(၂)ပေ ပျိုးသက်(၂)နှစ်အထက်ရှိ ခရေ(၁၀)ပင် မယ်ဇယ်(၁၀)ပင်တို့အား သရုပ်ပြစိုက်ပျိုးခြင်းနှင့် လက်တွေ့စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။