ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးဆောင်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသရှိ ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၏ ကျောက်မီးသွေး အကြီးစားသတ္တုတူးဖော်ခြင်းလုပ်ငန်းနှင့် Wuxi Hua Gurang Myanmar ကုမ္ပဏီလီမိတက်၏ ၁၂၀ MW ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းတို့၏ အတည်ပြုပြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (EMP) နှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) အစီရင်ခံစာပါ ပတ်ဝန်းကျင်ဆိုင်ရာ ကတိကဝတ်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ စက်ရုံအတွင်း ဆူညံသံနှင့် စက်ရုံမှ စွန့်ပစ်ရေအရည်အသွေး တိုင်းတာခြင်းတို့ကို ၁၉-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ သတ္တုလုပ်ကွက်နှင့် စက်ရုံရှိ လုပ်သားဝန်ထမ်း စုစုပေါင်း (၃၀)ဦးတို့အား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။