ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ချောက်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ ဆိတ်ဖြူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦး‌ဆောင်၍ တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး လှုပ်ရှားမှု (Monday Stop)ဖြင့် ၂၀-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စျေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး "ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးအတွက် စျေးရောင်း၊ စျေးဝယ်ရာ၌ ကြွပ်ကြွပ်အိတ်မသုံးစွဲရ" ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဈေးဝယ်အိတ် (လက်ဆွဲအိတ်)များ၊ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစားထိုး စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်တို့ကို ဖြန့်ဝေပေးခဲ့ပါသည်။
နံနက် (၁၀:၃၀)နာရီအချိန်တွင် "ရေချိုသယံဇာတ စနစ်တကျ ချွေတာသုံးစွဲရေး" ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး (Talk Show) အား တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ မင်းဘူးမြို့နယ်ရှိ "လင်းလင်းကျော်" လောင်စာတောင့်စက်ရုံနှင့် "ငွေစပါယ်" ရေခဲစက်တို့အား ပုံမှန်ကွင်းဆင်းစစ်ဆေးချက်ပုံစံ (၂၄) ချက် နှင့်အညီ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။