အသိပညာပေးဆွေးနွေးခြင်း (Talk Show) နှင့် ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ၂၁-၅-၂၀၂၄ ရက်နေ့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် အထိမ်းအမှတ်ဆောင်ပုဒ် “သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အကြောင်းအရာ ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများ(Talk Show) ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ရေထွက်ဦးရေထွက်နှင့် ရွှေညောင်ပင်လမ်းရှိ လူနေအိမ်တို့တွင် Surface Water Quality အား U-53G ရေထုတိုင်းတာရေးစက်ဖြင့် ရေအရည်အသွေး တိုင်းတာစစ်ဆေးခဲ့ပါသည်။