သစ်တောဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပ

သစ်တောဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးပွဲများကို ၂၀-၅-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်(တော်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင်လည်းကောင်း၊ ၂၁-၅-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်လည်းကောင်း၊ ၂၃-၅-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုံးမြို့နယ်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်လည်း‌ကောင်း၊  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။

အသိပညာပေး Talk Show တွင်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်နှင့်ရည်ရွယ်ချက်များ၊ ၂၀၂၄ ခုနှစ်ဆောင်ပုဒ်၏ အဓိကဖြစ်ပေါ်နေသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ဖြေရှင်းဆောင်ရွက်ရမည့် အစီအစဥ်များ၊ သဲကန္တာရအဓိပ္ပါယ်၊ သဲကန္တာရဖြစ်ထွန်းမှု၊ မိုးခေါင်ခြင်းအကြောင်း၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုကို တိုက်ဖျက်နိုင်မည့် နည်းလမ်းများဖြစ်သည့် သစ်တောများပြန်လည်တည်ထောင်ခြင်း၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်စေရေး ဆောင်ရွက်နေမှုအကြောင်းအရာများအား ဆွေးနွေးခဲ့ကြပါသည်။