၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျွန်းနှင့်သစ်မာထုတ်လုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကျွန်းနှင့်သစ်မာထုတ်လုပ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၄-၅-၂၀၂၄) ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ စီမံကိန်းနှင့်စာရင်းအင်းဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျွန်းနှင့်သစ်မာထုတ်လုပ်မည့်အစီအစဉ်အား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ မြန်မာ့သစ်လုပ်ငန်းက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျွန်းနှင့်သစ်မာထုတ်လုပ်မည့် အစီအစဉ်အား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းနှင့် အစည်းအဝေးတက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

\