ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောစက်ရုံများ အကောင်အထည်ဖော်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ ယန်းကုန်းကျေးရွာရှိ Golden Great Horse (GGH) Co., Ltd အသင့်ဖျော် ကွန်ကရစ်လုပ်ငန်းသို့ ၂၂-၅-၂၀၂၄ ရက်နေ့၊ ညနေ (၁၅:၃၀) နာရီအချိန်တွင် ပုံမှန်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောစက်ရုံအဖြစ် အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းအဆိုပြုလွှာတင်ပြခြင်း၊ စက်ရုံလုပ်သားများ၏ နေ့စဉ်သုံးစွန့်ပစ်ပစ္စည်းများကို သတ်မှတ်နေရာတွင် စွန့်ပစ်ခြင်းနှင့် စွန့်ပစ်ရေဆိုးများအား စနစ်တကျစွန့်ပစ်စေခြင်းတို့ကို စစ်ဆေးခဲ့ပါသည်။