မကွေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန "ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရေး‌" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

မကွေးတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မကွေးမြို့ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် "ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရေး‌" ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးခြင်းကို ၂၂-၅-၂၀၂၄ ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

Talk Show အစီအစဉ်တွင် ဇီဝမျိုးစုံမျိုးကွဲနဲ့ဂေဟစနစ်၏အဓိပ္ပာယ်၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲနေ့ဖြစ်ပေါ်လာပုံ၊ ဇီဝမျိုးစုံမျိုးကွဲများသည် သက်ရှိသတ္တဝါများနှင့်လူသားတို့အတွက် အရေးပါပုံ၊ ဇီဝမျိုးစုံမျိုးကွဲများမှရရှိသောအကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံမျိုးကွဲများမျိုးသုဉ်းလျော့နည်းလာခြင်းအကြောင်းအရင်းများနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ ဆိုးကျိုးသက်‌ရောက်မှုများကို ကာကွယ်ထိန်းသိမ်းမည့် နည်းလမ်းများအား ဆွေး‌နွေးခဲ့ကြပါသည်။