ကချင်ပြည်နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန မှ မြစ်ကြီးနားမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြစ်ကြီးနားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနသို့ သွားရောက်ပြီး ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြု‌ပြင်ပေး" ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ၂၃-၅-၂၀၂၄ ရက်နေ့ နံနက် (၁၁း၃၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

Talk Show အစီအစဉ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ နောက်ခံသမိုင်း၊ သဲကန္တာရဖြစ်ထွန်းခြင်းနှင့် မိုးခေါင်ရေရှားရသည့် အကြောင်းအရင်းများ၊ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ၊ သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးအတွက် ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများနှင့် လိုက်နာဆောင်ရွက်သင့်သည့် အချက်များအား ဆွေးနွေးခဲ့ပါသည်။