ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ အရာထမ်းများနှင့်အတူ ၂၃-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပန်ကြူကျေးရွာအုပ်စု၊ ဝင်းဘိုလမ်းခွဲ (နမ့်အော်ရွာ)အနီး နမ်းဝုတ်ချောင်းတလျှောက် ရေလှောင်တမံတည်ဆောက်နိုင်မည့်နေရာများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။