(၁၈)ကြိမ်မြောက် အာဆီယံလူမှုသစ်တောဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

အာဆီယံလူမှုသစ်တောဆိုင်ရာလုပ်ငန်းအဖွဲ့(ASEAN Working Group on Social Forestry–AWGSF)၏ (၁၈)ကြိမ်မြောက်အစည်းအဝေးကို ၂၇-၅-၂၀၂၄ ရက်နေ့၊ နံနက် ၈:၃၀ နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်းကြင်းခန်းမ၊ နေပြည်တော်တွင် မြန်မာနိုင်ငံက အိမ်ရှင်အနေဖြင့် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ AWGSF လုပ်ငန်းအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ AWGSF အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)က သဘာပတိအဖြစ် ဆောင်ရွက်ကာ  တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ၁၅:၃၀ နာရီတွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။